JTI အတွက် ဘာကို ဆိုလိုပါသနည်း။
စီးပွားရေး အရေးယူပိတ်ဆို့မှုများနှင့် ပို့ကုန်ထိန်းချုပ်မှု များသည် သတ်မှတ် လူပုဂ္ဂိုလ်များ၊ အစုအဖွဲ့များ သို့ မဟုတ် နိုင်ငံများနှင့် စီးပွားရေးလုပ်ငန်း ဆက်နွယ်ဆောင်ရွက်မှုများကို ကန့်သတ်ခြင်း သို့မဟုတ် တားမြစ် ထားနိုင်သည်။ အချို့သော ကုန်စည်များ သို့မဟုတ် ၀န်ဆောင်မှုများ တင်ပို့ခြင်း သို့မဟုတ် တင်သွင်းခြင်းကို တားမြစ်ထားခြင်းမျိုးလည်း ဖြစ်နိုင်သည်။ အရေးယူပိတ်ဆို့မှုများနှင့် ပို့ကုန်ထိန်းချုပ်မှုများကို၊ မရည်ရွယ်ပဲ ဖြစ်စေ မလိုက်နာမိပါက ၊ JTI နှင့် ၎င်း၏ ၀န်ထမ်းများအတွက် ဆိုးဆိုးရွားရွားထိခိုက်နိုင်ပါသည်။
ကျွန်ုပ်တို့၏ စီးပွားရေးလုပ်ငန်းများ သို့မဟုတ် ၀န်ထမ်းများသည် တားမြစ်ထားသည့်အရောင်းအ၀ယ်လုပ်ငန်း တစ်ခုတွင် ပါဝင်ပတ်သက်မှုမရှိစေရေး မူဝါဒများနှင့် လုပ်ငန်းစဉ်များ ချမှတ်ထားသည်။