JTI အတွက် ဘာကို ဆိုလိုပါသနည်း။
လူ့အခွင့်အရေးဆိုသည်မှာ ကမ္ဘာ့မည်သည့်နေရာ တွင်နေထိုင်သည် ဖြစ်စေ လူတိုင်းအပေါ် တူညီစွာ သက်ရောက်သော အားလုံးနှင့်ဆိုင်သော သတ်မှတ်ချက် တစ်ခုဖြစ်ပြီး ၊ သာတူညီမျှ အခွင့်အလမ်းများ အလုပ်အလုပ်သမားစံနှုန်းများ ၊ လွတ်လပ်စွာ ရေးသားထုတ်ဖော်ခွင့်နှင့် ကိုယ်ရေးကိုယ်တာ လျှို့ဝှက်ခွင့် ကဲ့သို့သော အကြောင်းအရာများကို လွှမ်းခြုံထားသည်။
ကျွန်ုပ်တို့သည် ၀န်ထမ်းအားလုံးကို လူ့အခွင့်အရေးနှင့် ပတ်သက်သော ရှင်းလင်းသည့် သတင်းအချက်အ လက်များ ပံ့ပိုးပေးထားပြီး လူ့အခွင့်အရေးပြဿနာ ဖြစ်နိုင်သည့်အလားအလာများကို ဖော်ထုတ်ပြီး လျော့ နည်းအောင် လုပ်ဆောင်ပါသည်။
ကျွန်ုပ်တို့သည် လူ့အခွင့်အရေး အန္တရာယ်အလား အလာရှိသော နေရာများတွင် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများပုဂ္ဂလိကကုမ္ပဏီများနှင့် ပူးပေါင်းဆောင်ရွက်သည်။
ကျွန်ုပ်တို့ လုပ်ငန်းလည်ပတ်မှုများတွင် ကလေးလုပ်သား အန္တရာယ်အလားအလာ လျော့ပါးသက်သာစေရန် အထူးကြိုတင်ကာကွယ်မှုများ ပြုလုပ်ထားပြီး ဓလေ့ထုံးစံအရ လက်ခံထားသည့် ၀န်းကျင်များတွင်ပင် ကလေးလုပ်သား ပပျောက်ရေးကို လုပ်ဆောင်လျက်ရှိသည်။