သင့်လမ်းညွှန် (Your Guide)
သင့် ဆုံးဖြတ်ချက်များသည် ကျွန်ုပ်တို့ အားလုံးအပေါ် သက်ရောက်မှုရှိပါသည်။
JTI ကို အလုပ်လုပ်ရန် အကောင်းဆုံးနေရာ တစ်ခုအဖြစ် ဆက်လက်ရပ်တည်နိုင်ရန်နှင့် ကျွန်ုပ်တို့၏ ဂုဏ်သတင်းကို ထိန်းသိမ်းရန်အတွက် ကျွန်ုပ်တို့ တစ်ဦးချင်းစီသည် JTI ၏ စံနှုန်းများ၊ တန်ဖိုး များကို ထိန်းသိမ်းစောင့်ရှောက်ရာတွင် အဓိက အခန်းကဏ္ဍမှ ပါဝင်ပါသည်။
သင့် တစ်နေ့တာ လှုပ်ရှားဆောင်ရွက်မှု အများစုတွင် ၊ ကျွန်ုပ်တို့၏တန်ဖိုးများ၊ ကျွန်ုပ်တို့၏ လုပ်ငန်းကျင့်ထုံး နှင့် အခြားသောကုမ္ပဏီမူဝါဒများနှင့် လုပ်ထုံးလုပ်နည်းများ နားလည်မှုအပေါ် အခြေခံသော မှန်ကန်သည့် ဆုံးဖြတ်ချက်များသည် သင့်ကို ရှင်းလင်းလွယ်ကူစေမည်ဖြစ်သည်။ သင့်ကိုယ်ပိုင် အသိဥာဏ်သည်လည်း မှန်သည့်အရာကို ဆုံးဖြတ်ရန် ကူညီပေးနိုင်ပါသည်။
သို့သော်လည်း၊ တစ်ခါတစ်ရံတွင်၊ လုပ်ရမည့် မှန်ကန်သည့်အရာကို ဝေခွဲမရသည့် အခြေအနေမျိုးနှင့် ရင်ဆိုင်ရနိုင်ပါသည်။ ယင်းအခြေအနေမျိုးတွင် Your Guide (သင့်လမ်းညွှန်) ကဆုံးဖြတ်ချက်ချမှတ်သည့် လုပ်ငန်းစဉ်တစ်လျှောက် ဦးဆောင်လမ်းညွှန်မှုများပေးသွားမည်ဖြစ်ပြီး သက်ဆိုင်သော အကြောင်းအရာအားလုံးကို ဆင်ချင်နိုင်မည်ဖြစ်သလို သင့်ဆုံးဖြတ်ချက်၏ အကျိုးဆက်များကိုလည်း ပြင်ဆင်နိုင်စေမည်ဖြစ်သည်။
Your Guide (သင့်လမ်းညွှန်) သည် သင့်အတွက်နှင့် JTI အတွက် မှန်ကန်သော ဆုံးဖြတ်ချက်များ ချမှန်ရန် ကူညီပေးသော ရိုးရှင်းသည့်နည်းလမ်းတစ်ခုသာ ဖြစ်ပါ သည်။
ဥပမာ-အောက်ပါတို့နှင့် ပတ်သက်ပြီး မသေချာမရေရာဖြစ်နေပါက
- သင်လုပ်မည့်ကိစ္စ
- သင့်ကို လုပ်ခိုင်းသည့်ကိစ္စ
- သင်မြင်သည့် ကြားသည့်ကိစ္စ
သင်ဘယ်လိုခံစားမိသလဲစဉ်းစားပါ။
- မီဒီယာများတွင် ထိုကိစ္စကို တွေ့သည့်အခါ
- သင်နှင့်နီးစပ်သောသူများ တွေ့သွားသည့်အခါ *
ထိုကိစ္စကို စစ်ဆေးပါ
- ဥပဒေနှင့် ညီပါသလား?
- ကုမ္ပဏီ၏ တန်ဖိုးထားမှုများ၊ လုပ်ငန်းကျင့်ဝတ်များနှင့် ကိုက်ညီပါသလား?
- သင့်ကိုယ်ပိုင်တန်ဖိုးထားမှုများနှင့်ရော ကိုက်ညီပါသလား?
အောက်ပါပုဂ္ဂိုလ်များမှမည်သူကိုမဆို အကြံဥာဏ်တောင်းခံနိုင်ပါသည်။
- သင့်မန်နေဂျာ
- သင့်ပြည်တွင်း HR ကိစ္စဆက်သွယ်ရမည့်သူ
- သင့်ပြည်တွင်း ဥပဒေအတိုင်ပင်ခံ
- စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ဝင်